Movie Box ထဲက Movie တွေကို ဘယ်လိုရွှေ့မလဲ
မင်္ဂလာပါ ဒီတစ်ခါကျွန်တော်ပေးမည့် နည်းလမ်းလေးကတော့ Movie Box ထဲမှာ Download လုပ်ထားတဲ့ Movie တွေကို သူငယ်ချင်း အချင်းချင်း Air Drop နဲ့ ရှယ်ပေးချင်လို့ပဲဖြစ်ဖြစ် .. ကွန်ပျူတာထဲကိုပဲ ထည့်ပြီးသိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် လုပ်လို့ရမည့်နည်းလမ်းလေးပဲဖြစ်ပါတယ်။ Movie တွေမရွှေ့ခင် ပထမဆုံး မိမိတို့ရဲ့ Device မှာ iFile ရှိဖို့တော့ လိုပါတယ်ခင်ဗျာ..။ iFile မရှိသေးသော သူများ Cydia မှာ (http://cydia.myrepospace.com/komin27/) ကိုအက်ပြီးတော့ ဒေါင်းယူနိုင်ပါတယ်။ iFile ရှိပြီဆိုရင် စလိုက်ကြရအောင် ဗျာ
ပထမဆုံး iFile ကိုဖွင့်ပါ ပြီးရင် Home ကိုနှိပ်ပါ
Home ကိုနှိပ်ပြီးပြီဆိုရင် ထွက်လာတဲ့ ဖိုင်တွေထဲမှ Library ကိုနှိပ်ပါ
Library ထဲကိုရောက်သွားပြီဆိုရင် Artworks ဆိုတဲ့ဖိုင်ကိုရှာပြီးတော့ဖွင့်ပါ။ Artworks ဖိုင်ထဲမှာ ရှိသမျှ Movie တွေအားလုံးဟာ Movie Box ထဲမှဒေါင်းခဲ့တာတွေပါ။ Movie ဖိုင်တွေရဲ့ ညာဘက်အစွန်မှာ ရှိတဲ့
( i ) ပုံစံ logo လေးကိုနှိပ်လိုက်ပါ Box တစ်ခုကျလာပါလိမ့်မယ်
ကျလာတဲ့ Box ကလေးရဲ့ အောက်ဆုံးကိုသွားလိုက်ပါ Add To Camera Roll ဆိုတာကိုတွေ့ပါလိမ့်မယ်။ Add To Camera Roll ကိုနှိပ်လိုက်ရင်တော့ စောစောက ဖိုင်ဟာ Photo ထဲကိုရောက်သွားပြီဖြစ်ပါတယ်။
iFile နေထွက်ပြီးတော့ Photos ထဲက Camera Roll မှာသွားကြည့်ပါ စောစော နှိပ်ခဲ့တဲ့ Movie ရောက်နေတာ တွေ့ပါလိမ့်မယ်..
ဒါဆိုရင်တော့ Air Drop နဲ့ပဲ ပို့ပို့.. ကွန်ပျူတာထဲကိုပဲ ပြောင်းသိမ်းချင်သိမ်း ကြိုက်တာ အကုန်လုပ်လို့ရပါပြီ.. အဆင်ပြေကြပါစေဗျာ..
ပို.စ်ရေးသားသူ=== ကိုမိုးညိုသား
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။






No comments:
Post a Comment